ရှိပြီးသား post များကို Gutenberg သို့ ပြောင်းလဲခြင်း

Gutenberg သည် ပြင်ဆင်ပြောင်းလဲစရာများပေါများပြီး ဖန်တီးမှုရွေးချယ်စရာများ လွယ်ကူစွာပြုလုပ်နိုင်သည့် tool တစ်ခုဖြစ်ပါသည်။ ဒါပေမယ့် သင်ယခင်က ဖန်တီးခဲ့တဲ့ post များ page များတွေက ဘာတွေဖြစ်သွားတော့မှာလဲ။ သင့်ရဲ့ ပါဝင်တဲ့အကြောင်းအရာတွေ Gutenberg ကို ဖွင့်ပြီးချိန်မှာ ပုံစံအတူတူပဲ မြင်ရမှာလား။ feature အသစ်တွေကို အသုံးချဖို့ ဘယ်လောက်လွယ်ကူပါသလဲ။

အဆိုပါမေးခွန်းများကို ဤစာမူမှာ ဖြေကြားသွားပါမည်။

ဝဘ်ဆိုက်ရဲ့ ပြင်ပဘက်က မြင်ရတဲ့နေရာ front-end မှာတော့ ယခင်မြင်ခဲ့ရတဲ့အတိုင်းပဲမြင်ရမှာပါ။

ပါဝင်အကြောင်းအရာများကို သင်ပြင်ဆင်မှသာ Gutenberg သုံးရပြီး ပြောင်းလဲမှုများမြင်ရမှာပါ။ Gutenberg ဆီကို upgrade လုပ်လိုက်ပြီးရင် ရှိပြီးသား ပါဝင်အကြောင်းအရာတွေက ရိုးရိုးအဖြူရောင် ဘလော့ခ်နဲ့ အပေါ်ဘက်မှာ Classic ဆိုတဲ့အမည်နဲ့ မြင်ရပါမယ်။

Classic ကို နှိပ်လိုက်ရင် အရင်အဟောင်း wysiwyg editor မှာရရှိတဲ့ toolbar နဲ့ အလွန်ဆင်တူတဲ့ toolbar ကို တွေရပါမယ်။

toolbar ကို အသုံးပြုခြင်းဖြင့် ယခင်က editor မှာသုံးသလိုပဲ ဖန်ရှင်တွေအားလုံးသုံးလို့ရပါတယ် ၊ နေရာအထားအသို အနည်းငယ်သာပြောင်းသွားတာတော့ရှိပါတယ်။ ဥပမာအားဖြင့် Add Media ဆိုတဲ့ ခုလုတ်မရှိတော့ပါ ၊ ဤဘလော့ခ်သို့ media ထည့်ချင်ပါက ကင်မရာနဲ့ သံစဉ်တီးလုံးသင်္ကေတ ခုလုတ်ကိုနှိပ်ရပါမယ်။ ဒါဆို ယခင်ကအတိုင်း Add Media screen ဆီသို့ရောက်သွားပါမယ်။

 

Gutenberg ရှိ Classic ဘလော့ခ်အသစ်အကြောင်း

editor အသစ်က ပါဝင်အကြောင်းအရာအဟောင်းတွေကို text ဘလော့ခ်အဖြစ် မှတ်ယူပါတယ်။ ရှိပြီးသား ပါဝင်အကြောင်းအရာရဲ့ အပေါ် (သို့) အောက်မှာ ဘလော့ခ်အသစ်များ ထည့်လို့ရပါတယ်။

Gutenberg ဘလော့ခ်စနစ်ကို အသုံးပြုဝင်ရောက်ရန် toolbar ရဲ့ညာဘက်မှာရှိတဲ့ဒေါင်လိုက်အစက်သုံးစက်ကိုနှိပ်ရပါမယ်။

ဘလော့ခ်အသစ်က ဘလော့ခ် toolbar အသစ်များနဲ့လာပါတယ် ၊ အပေါ်မှာနဲ့ ညာဘက် sidebar မှာပါ ၊ ပါဝင်အကြောင်းအရာ အဟောင်းကတော့ Classic toolbar ရှိလို့နေပါတယ်။

 

သင့်ရဲ့ ပါဝင်အကြောင်းအရာအဟောင်းများကို ဘလော့ခ်အသစ်သို့ ပြောင်းလဲခြင်း

သင့်ရဲ့ ပါဝင်အကြောင်းအရာအဟောင်းများကို Classic ဘလော့ခ်ထဲမှာပဲ ချန်ထားစရာမလိုပါဘူး။ အစက်သုံးစက်ကို နှိပ်ရင်မြင်ရသော drop-down မန်နျူးကနေပြီး ‘Convert to Blocks’ နှိပ်ပြီးတော့ ဘလော့ခ်အသစ်ပုံစံဆီသို့ ပြောင်းလိုက်လို့ရပါတယ်။

Gutenberg က သင့်ရဲ့ ပါဝင်အကြောင်းအရာပေါ်မူတည်ပြီး လိုအပ်တဲ့ ဘလော့ခ် အမျိုးအစားကို အကောင်းဆုံးခန့်မှန်းမှာ ဖြစ်ပါတယ်။

ဤအောက်က ဥပမာတွင် ဘယ်ဘက်က စာသားတွေကို text ဘလော့ခ်အဖြစ်ပြောင်းလဲလိုက်ပြီး ညာဘက်က ပုံကိုတော့ image ဘလော့ခ်အဖြစ်ပြောင်းလိုက်ပါတယ်။

ဤအပိုင်း အောက်မှာက embed လုပ်ထားတဲ့ Google Map ပါ ၊ Gutenberg က ဒီတစ်ကြိမ်မှာလည်း မှန်ကန်စွာ HTML ဘလော့ခ်အဖြစ်သို့ပြောင်းလဲခဲ့ပါတယ်။

အကယ်၍ စာဖတ်သူဟာ သင့်ရဲ့ ပါဝင်အကြောင်းအရာကို မှားယွင်းသော ဘလော့ခ်အမျိုးအစားအဖြစ် သုံးထားတာတွေ့တယ်ဆိုရင် ဘလော့ခ် toolbar ရဲ့ ဘယ်ဘက်ထောင့်ဆုံးမှာရှိတဲ့ ခုလုတ်ကို နှိပ်ပြီး ဘလော့ခ်အမျိုးအစား ပြောင်းလိုက်လို့ရပါတယ်။

 

ကျွန်တော်က Gutenberg အတွက် အသင့်မဖြစ်သေးပါ!

အကယ်၍ စာဖတ်သူက Gutenberg ကို အသုံးပြုဖို့ အသင့်မဖြစ်သေးပါက ၎င်းကို Classic Editor plugin နဲ့ ပိတ်ထားလို့ရပါတယ်။

  • Plugins > Add New သို့သွားပါ။
  • ‘Classic Editor’ ကိုရှာပြီး install လုပ်ပြီး activate လုပ်ပါ။
  • Settings > Writing သို့သွားပါ။
  • ‘Default option for all users’ option တွင် ‘Classic Editor’ ကို ရွေးချယ်ပါ။

၎င်းသည် post နှင့် page အားလုံးအတွက် တစ်ခုရွေးချယ်အားလုံးပြောင်းလိုက်သော နည်းလမ်းဖြစ်ပါသည်။ ယူဇာများကို သူတို့နှစ်သက်သော editor ရွေးချယ်ရန်လည်း ခွင့်ပြု၍ရပါသည်။ ထိုသို့ပြုလုပ်ရန် ‘Allow users to switch editors’ option ကို Yes ဟုရွေးချယ်ပါ။

 

နိဂုံး

Gutenberg ၏ ရှိပြီးသား page နှင့် post များကို block အဖြစ်သို့ ပြောင်းလဲမှုသည် ကောင်းမွန်ပါသည်။ ဘလော့ခ်အသစ်များကို ထည့်ရန်လည်း လွယ်ကူပါသည် ၊ သို့သော်လည်း သင်သည် Classic editor ကိုပဲ သုံးရန် ပိုနှစ်သက်ပါက plugin ထည့်သွင်း၍သုံးစွဲနိုင်ပါသည်။

Leave a Comment