မထုတ်ဝေခင် ကြိုတင်စစ်ဆေးမှုစာရင်း

Gutenberg ထွက်လာတာ လအနည်းငယ်ကြာပါပြီ ၊ Gutenberg အကြောင်းရေးထားတဲ့ blog တွေလည်း အတော်များများရှိလာပါပြီ။ ဒါပေမယ့် လူအတော်များများကတော့ Gutenberg နေ့စဉ်အသုံးပြုမှုတွေထဲမှာ ထည့်သွင်းဆောင်ရွက်တာမရှိကြပါဘူး ၊ ဒါကြောင့်မို့လည်း Gutenberg က feature တွေက လျှို့ဝှက်ချက်တွေရှိသလိုမျိုးဖြစ်နေပါတယ်။

feature တစ်ခုကတော့မထုတ်ဝေခင် ကြိုတင်စစ်ဆေးမှုစာရင်းပါ။ post တစ်ခုမှာ ‘Publish’ နှိပ်လိုက်လျှင် အောက်ပါ sidebar ကို မြင်ရမှာပါ။ WordPress ကသင်ထုတ်ဝေဖို့ အသင့်ဖြစ်ပြီလားဟု မေးပြီး Settings များကိုသေချာစစ်ဆေးရန်တိုက်တွန်းပါသည်။

ပထမဆုံးမထုတ်ဝေခင် ကြိုတင်စစ်ဆေးမှုစာရင်းက Visibility မြင်တွေ့ရမှုပါ။ WordPress က သင့်စာမူကို ‘Public’ သို့ မြင်ရမည်ကို သတိပေးပါတယ်။ ရွေးချယ်စရာ ၃ ခုမှ ရွေးချယ်လို့ရပါတယ်။

  • Public: လူတိုင်းသို့ ပေးမြင်မည်
  • Private: site admin နဲ့ editor တွေကိုသာ ပေးမြင်မည်
  • Password protected: သင်ရွေးချယ်သော လျှို့ဝှက်စာသားဖြင့် ကာကွယ်မှုထားမည်။ အဆိုပါ လျှိ့ဝှက်စာသားရှိသူသာ ဤစာမူကို ကြည့်ရှုနိုင်သည်။

‘Publish’ စစ်ဆေးမှုစာရင်းကတော့ ဒီစာမူကိုချက်ချင်းထုတ်ဝေမည်ဟု သင့်အားသတိပေးသည် ၊ အနာဂတ်တွင်မှ အချိန်စီစဉ်ထားပြီး ထုတ်ဝေမည်ဟုလည်း ရွေးနိုင်သည်။

တတိယမထုတ်ဝေမီ ကြိုတင်စစ်ဆေးမှုစာရင်းကတော့ ‘Tags’ ဖြစ်ပါသည်။ tags များထည့်ရန် သတိပေးပါတယ် ၊ ‘Tags များသည် ယူဇာများနှင့် ရှာဖွေရေးအင်ဂျင်များကို သင့်ဆိုက်နှင့် ပါဝင်အကြောင်းအရာကို ရှာဖွေသွားလာပြီးတွေ့ရှိရန် ကူညီပေးပါသည်

အကယ်၍ စာဖတ်သူသည် ထို ကြိုတင်စစ်ဆေးမှုစာရင်းကို မကြိုက်ပါက ပိတ်ထားနိုင်ပါသည်။ Gutenberg တွင်မထုတ်ဝေမှီ ကြိုတင်စစ်ဆေးမှုစာရင်း အမြဲပြထားရန်ဆိုသော checkbox ပါရှိသည်။

မည်သို့ပင်ဆိုစေ WordPress ဆိုက်များသည် settings များစွာပါဝင်ပါသည် ၊ ဤအပိုင်းပြား panel သည် အဓိပ္ပာယ်အရှိဆုံးရွေးချယ်မှုများကို ရွေးချယ်နိုင်ရန် ဖော်ဆောင်ပေးပါသည်။

Leave a Comment