WordPress ပို့စ်များနဲ့ WooCommerce ပစ္စည်းများကို ဘယ်လို embed လုပ်မလဲ

WordPress က ဆိုရှယ်မီဒီယာတွေကို ပို့စ်များနဲ့ စာမျက်နှာများမှာ အလွယ်တကူ embed လုပ်လို့ရအောင်လုပ်ထားပေးတာကိုစာဖတ်သူသိနှင့်ပြီးဖြစ်မှာပါ။

ဒါပေမယ့် WordPress စာမူများနဲ့ WooCommerce ပစ္စည်းများရဲ့ နမူနာစာသားများကို အလွယ်တကူ တခြားနေရာမှာ embed လုပ်လို့ရတယ်ဆိုတာကို သင်သိပါသလား ၊ URL ပဲ သုံးပြီးတော့ပါ။

အောက်ဖော်ပြရာမှာ WordPress မှ သင့်အား စာမူများကို အခြားဆိုက်များ (သင့်ကိုယ်ပိုင်ဆိုက်၌ပင်) တွင် မျှဝေနိုင်သည်ကို အကျဉ်းချုံးဖော်ပြထားမှုပါ။

စတင်လုပ်ဆောင်ရန် WordPress ပို့်စ် (သို့) စာမျက်နှာရဲ့ URL ကို ရှာပြီး WordPress ရဲ့ content area ထဲ paste လုပ်ပါ။

တစ်စက္ကန့် နှစ်စက္ကန့် စောင့်ပြီးလျှင် ခေါင်းစဉ် ၊ ရုပ်ပုံနှင့် ရှင်းလင်းဖော်ပြချက် အတိုချုံး ပေါ်လာတာကို တွေ့ရပါမယ်။ embed ရဲ့ အောက်ဆုံးမှာ ဆိုက်ရဲ့ အိုင်ကွန် ၊ ဆိုက်အမည် ၊ ထင်မြင်ချက် အရေအတွက်နဲ့ မျှဝေရန် လင့်ခ်တွေ့ရပါလိမ့်မယ်။

သင့်ရဲ့ ပါဝင်အကြောင်းအရာကို ထုတ်ဝေလိုက်လျှင် embed ပေါ်လာတာကို တွေ့ရပါတယ်။ embed ရဲ့ တစ်နေရာရာကို နှိပ်လိုက်လျှင် မူရင်းဆိုက်ရဲ့ စာမူအပြည့်အစုံဆီသို့ ခေါ်သွားပါလိမ့်မယ်။

 

WooCommerce နဲ့ oEmbed

WooCommerce ရဲ့ အဓိကအစိတ်အပိုင်းတွင်မကပါဘူး နာမည်ကြီး plugin များလည်း မျှဝေနိုင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီဟာက French Today က WooCommerce ဥပမာတစ်ခုပါ ၊ ဈေးနှုန်း ၊ အကဲဖြတ်အမှတ်နဲ့ ‘Buy Now’ , ‘Read More’ ခုလုတ်များ ပြသနေပါတယ်။

ဒီ WooCommerce integration က အံ့သြဖွယ်ကောင်းလောက်အောင်အလုပ်လုပ်ပါတယ်။ တခြား 3rd party plugin များမှ စွမ်းဆောင်ချက်များလည်း သုံးနိုင်ပါတယ် ၊ မတူညီသော နိုင်ငံမှ ကြည့်ရှုသူများကို သက်ဆိုင်ရာ ငွေကြေးသင်္ကေတများနဲ့ ဈေးနှုန်းများပြောင်းလဲပြသမှုမျိုးပါဝင်ပါတယ်။

embed ထဲရှိ item များကို နှိပ်လိုက်လျှင် သက်ဆိုင်ရာဆောင်ရွက်ချက်ကို လုပ်ဆောင်ပေးပါတယ်။ အပေါ်က embed ရှိ ‘Buy Now’ ကိုနှိပ်လျှင် အောက်ပါပုံအတိုင်း ဈေးဝယ်ခြင်းတောင်းထဲသို့ ရောက်သွားပါတယ်။

 

embed တွေက ဘယ်လိုအလုပ်လုပ်လဲ

သူတို့က iframe ကို သုံးပြီး ပါဝင်အကြောင်းအရာကို ပြသတာပါ။ ဒီဟာက embed code နမူနာပါ။

sandbox=”allow-scripts” လိုင်းကို သတိထားမိလားမသိဘူး။ လုံခြုံရေးအတွက် embed များကို sandbox iframe ထဲထည့်ထားရခြင်းဖြစ်ပါတယ်။

သင့်ရဲ့ theme ကို အသုံးပြုပြီး သင့်ဆိုက်က ပံ့ပိုးပေးတဲ့ iframe ကို ဒီဇိုင်းပြန်ဆွဲလို့ရပါတယ်။ template ရဲ့အစနဲ့အဆုံးမှာ embed_head နဲ့ embed_footer ဖန်ရှင်များကို ရေးထည့်လို့ရပါတယ်။

မြန်မြန်နဲ့လွယ်လွယ်ကူကူလုပ်နိုင်တဲ့ စိတ်ကြိုက်ပြင်ဆင်ခြင်းတစ်ခုက embed ရဲ့ ဘယ်ဘက်ထောင့်မှာပေါ်တဲ့ အိုင်ကွန်ပြောင်းလဲမှုပါ။ Themes > Customize > Site Identity ကို သွားပြီး စတုရန်းကျတဲ့ ရုပ်ပုံတစ်ခုကို upload လုပ်ပါ ၊ အနည်းဆုံး အလျားနဲ့အနံ 512px ရှိဖို့လိုပါတယ်။

နောက်ဆုံးအနေနဲ့ တခြား WordPress မဟုတ်သော ဆိုက်များမှာ အသုံးပြုရန် သင့်ရဲ့ WordPress ပို့စ်တွေရဲ့ HTML embed ကို ရယူနိုင်ပါသေးတယ်။ embed ရဲ့ ညာဘက်ထောင့်ဆုံးမှာရှိတဲ့ မျှဝေတဲ့ အိုင်ကွန်ကို နှိပ်လိုက်ပါက HTML embed ရွေးချယ်မှုကို မြင်ရပါလိမ့်မယ်။

Leave a Comment